Thursday, January 11, 2024

စိတ်ကူး - ညီပု



ပြာလွင်လွန်းတဲ့ မိုးကောင်းကင်ကိုမော်ကြည့်ရင်း
ကိုယ်လေမိုးသားလေး ဖြစ်လို့သွားချင်တယ်
ကြင်နာသူရဲ့အနား ကိုယ်လွင့်လိုစေလာချင်
ခိုလှုံရာလေး တွေးမိတယ်
လေတွေတိုးလို့ဝှေ့လို့ တိုက်ခတ်နေပြီကွယ်
သယ်ရာခရီးဝေးကမ်းသို့ လှမ်းမမြင်ရင်
ကိုယ်လေမိုးစက်လေးအဖြစ်ပဲ
ရွာလိုက်ချင်တော့တယ်
သင်သာတမ်းတလိုက်တော့ကွယ်
စိတ်ကူး စိတ်ကူး
စိတ်ကူး စိတ်ကူး
တိမ်လွှာမိုးမြင့်ထက်သို့ လိုက်လို့လည်ပါဦး
ပျော်စရာခရီးလေး ကိုယ့်ရဲ့လက်ဆောင်ကွယ်
ရောင်စုံသက်တန့်လေးများ မင်းအတွက်ဖန်ဆင်းလည်မှာဆွဲ
မိုးထက်နန်းသို့လိုက်ခဲ့ပေါ့ အချစ်ရယ်

No comments: