Saturday, August 28, 2021
If your heart is broken, make art with the pieces.
Friday, August 27, 2021
I dreamt of you last night.
Sunday, August 22, 2021
သီးသန့်သီချင်း - ကိုင်ဇာ (တေးရေး_ဂျွန်သင်ဇမ်း) Rest in Pace, U John!
Friday, August 20, 2021
How Can You Mend a Broken Heart - Al Green
Wednesday, August 18, 2021
Tuesday, August 17, 2021
Saturday, August 14, 2021
Friday, August 13, 2021
"ခင်ခင်ပျို ရေ စောင့်ခဲ့တယ်" - အောင်ချိမ့်
"ခင်ခင်ပျို ရေ စောင့်ခဲ့တယ်"
-------------------------
တရားဟာ တရားအတိုင်း
အမှားဟာ အမှားအတိုင်း
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်း မြန်တတ်တယ်။
မီးရထားဘူတာရုံမှာရထားစောင့်သလို
ငါစောင့်ခဲ့တယ်။
ပါလာမလား မပါဘူးလား
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
ငါတို့နေနေသောနေ့ရက်များဟာ
အံဩစရာ။
အလိုမပြည့်ရင်းနဲ့
ထပ်၍ထပ်၍ အလိုရှိခဲ့ကြ
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ
ပြီး ဘာတွေဖြစ်လာမလဲ။
အချစ်ဆိုတာမှာလဲ နစ်နာစရာရှိလာတယ်။
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။
တက်တူးထိုးဖို့ လိုအုံးမလား
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ဘယ်လမ်းမှမရွေးဘဲ
ဒီလမ်းကိုပဲ ရွေးခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
လူတွေ အသက်ဝင်လာလို့
သွားကြ လာကြ
ကြံကြ ရှာကြ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
ဒီလိုနဲ့
တစ်နေ့ဟာ တစ်နေ့ပြီးတစ်နေ့
ငါတို့ဟာ တစ်ရွေ့ပြီးတစ်ရွေ့ရွေ့
ငါတို့ဟာ တစ်ငွေ့ငွေ့။
ငါတို့ဟာ
ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင်
နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
တစ်ရက်ကို
ငါဘာလို့မစောင့်နိုင်ရမှာလဲ
မီလျှံလိုကြိုးတန်းမှာ
လိမ်ညှစ်လှန်းထားတဲ့အဝတ်လို
ပျောက်ဆုံးသောအရာလို
ငါစောင့်ခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
ကိုယ်ကသာပြောစရာရှိပြီး
သူကပြောစရာမရှိတော့သော
ယတိပြတ်မှုကို
ငါချိန်းခဲ့ပါတယ်။
ငါစောင့်ခဲ့ပါတယ် ။
"အောင်ချိမ့်"